ပိုက်ဆံ သို့မဟုတ် ငွေစက္ကူ

                                 


ယ​နေ့​ခေတ်​တွင်​ ကျ​နော်​တို့လူ​တွေ သည်​ ပိုက်​ဆံဆိုတဲ့ စက္ကူ ကို အ​လေးထား ရှာ​ဖွေ​နေကြသည်​။ ထိုသို့ ရှာ​ဖွေ​နေကြ​သော သူများသည်​ မှားသလား?သူတို့မှန်​ပါတယ်​ ဘာလို့လဲဆို​တော့ ကျ​နော်​တို့​နေထိုင်​​နေကြတဲ့ လူ့ပတ်​ဝန်းကျင်​မှာ ထို​ငွေ ၊ပိုက်​ဆံဟု​ခေါ်​သော စက္ကူ ​လေး​ကြောင့်​ များစွာ​သော အရာများ လုပ်​ကိုင်​နိုင်​သည်​၊စိတ်​​ကျေနပ်​မှူရရှိ​အောင်​ စွမ်း​ဆောင်​နိုင်​သည်​၊ ​နောက်​ဆုံး လူ့အသက်​ကို​တောင်​ ​ငွေစက္ကူ နဲ့ဝယ်​နိုင်​တဲ့အ​ခြေအ​နေ ​ရောက်​လာမည့်​အ​ခြေအ​နေ ဖြစ်​​နေ​ပေသည်​။ သို့​သော်​ ထိုသို့ပိုက်​ဆံရှာကြသည့်​လူများအနက်​ အစွန်း​ရောက်​စွာ ရှာ​ဖွေစား​သောက်​​နေကြ​သော သူများလည်း ရှိ​ပေသည်​။ ကျ​နော်​ငယ်​ငယ်​ကတည်းက အ​ဖေ​ပြော​နေကျ စကား​လေးတစ်​ခွန်း ရှိတယ်​ "အစွန်းနှစ်​ဖက်​ကို​ရှောင်​ပါ"တဲ့ ဟုတ်​ပါတယ်​။ကျ​နော်​တို့လူ​တွေရှာ​ဖွေစား​သောက်​ရာတွင်​ အစွန်း​ရောက်​စွာ လုပ်​​ဆောင်​ခြင်းကို ​ရှောင်​ကြဉ်​သင့်​ပါတယ်​ ဘာလို့လဲဆို​တော့ ထိုအစွန်း​ရောက်​သွားလျှင်​ ကျ​နော်​တို့လူ​တွေထိန်းသိမ်းရမယ့်​ ဝတ္တရား​တွေ လူ့​ဘောင်​လူ့စည်း​တွေဆိုတာ ​မေ့​ပျောက်​ကာ တိရစ္ဆာန်​ ရိုင်းသဖွယ်​ ပြုမူ ကြလာ​ပေမည်​။...

ဝမ်းတစ်​ထွာ အတွက်​ ကျ​နော်​တို့လူ​တွေ လိမ်​​တယ်​ ညာတယ်​ သူတစ်​ပါးအကျိုးဖျက်​စီး၍ ကိုယ့်​အကျိုး ရ​အောင်​ ယူကြတယ်​ ...ဝမ်းတစ်​ထွာအတွက်​​တောင်​ ဒီလိုဖြစ်​​နေရင်​ဝမ်းတ​တောင်​ အတွက်​ဆိုလျှင်​ လူများသတ်​ဖြတ်​ကာ ဥ​ပ​ဒေလည်းမ​ကြောက်​၊ တရားမျှတခြင်း ဆိုတာ ​ဝေးသထက်​​ဝေး ကာ​နောင်​လာမည့်​လူငယ်​ကြားမှာ အမှန်​တရား ဆိုတာ ပြတိုက်​ထဲက စာအုပ်​ထဲမှာပဲ ရှိ​နေ​ပေလိမ့်​မည်​၊........ကိုယ့်​အားကိုယ်​ကိုးခြင်းမှ ​သွေဖယ်​ပြီး ရရှိလာတဲ့ ပိုက်​ဆံဟာ ရတဲ့သူအတွက်​ တန်​ဖိုးမရှိသလို ထို​ငွေသည်​လည်း ကြာရှည်​ခံမည်​ မဟုတ်​ပါ။.....ပိုက်​ဆံ ဆိုတာ ဒုတိယ ဘုရားသခင်​ လို့​တောင်​ မှတ်​ယူရ​နေ​ပေသည်​။...သို့​သော်​ အစွန်း​ရောက်​လျှင်​ ဒုက္ခ ​ရောက်​မည်​၊.......ဘဝမှာ အမဲစက်​ အဖြစ်​ကျန်​ရှိ​နေ​ပေလိမ့်​မည်​..ထို့​ကြောင့်​ ပိုက်​ဆံဟု​ခေါ်​သော စက္ကူ ​တွေအတွက်​ မိမိဘဝကို အကုန်​လုံး မဖြုန်းပစ်​မိပါ​စေနဲ့...ဘဝဆိုတာ ခံစားတတ်​တဲ့နှလုံးသားနဲ့ ကျ​နော်​တို့စိတ်​ထား​တွေ လှပပြီး သာယာခြင်း၊​အေးချမ်းခြင်းကို ​ဖော်​​ဆောင်​ပါတယ်​...

Life is full with problems
ဘဝမှာ ပြသာနာ​တွေနဲ့ပြည့်​နှက်​​နေပါတယ်​ထိုပြသာနာ​တွေကိုရင်​ဆိုင်​ရင်း....သာယာငြိမ်းချမ်းမှူကို ရှာပါ...ကမ္ဘာကြီး ငြိမ်းချမ်း​နေလျှင်​ ကျ​နော်​တို့လဲ အသက်​ရှည်​​နေပါလိမ့်​မည်​....မိသားစု or သူငယ်​ချင်း စ​သော မိမိဝန်းကျင်​မှ အနီးကပ်​လူများနဲ့အတူ သာယာခြင်းများကို ခံစားလိုက်​ပါ....သာယာမှူ ​နွေး​ထွေးမှူ ငြိမ်းချမ်းမှူ​တွေနဲ့ ဖြတ်​သန်းကြပါ......​လောဘ​တွေတက်​ပြီး သတ်​ဖြတ်​​နေကြတဲ့ ​လောကကြီးမှာ...ငြိမ်းချမ်းမှူဆိုတာ ​ဝေးသထက်​​ဝေး​နေကြပီ.....
..................
ဒါ​ကြောင့်​ ကျ​နော်​​ပြောချင်​တာ​တော့..ငြိမ်းချမ်းမှူ​တွေနဲ့ တည်​​ဆောက်​ပါ..ကိုယ့်​မိသားစုနဲ့ ဖြစ်​ဖြစ်​ ​နွေး​နွေး​ထွေး​ထွေး ​နေထိုင်​ပြီး ဘဝ ဆိုတာ ဖြတ်​သန်းလိုက်​ပါ....

Comments