လူငယ်​​တွေကို လမ်းဖွင့်​​ပေးပါ

                       


ကျေးရွာတစ်​ရွာက လူငယ်​တစ်​​ယောက်​ ဘွဲ့ရတာနဲ့​နောက်​​တ​နေ့ အလုပ်​လုပ်​ဖို့ မြို့တက်​လာခဲ့တယ်​ မြို့​ရောက်​​ရောက်​ချင်းဆိုသလို အလုပ်​များစွာက သင်​တန်းတခုခုတတ်​​မြောက်​ပြီးမှသာ လက်​ခံကြတာ အလုပ်​ခန့်​ကြတာ ပုံစံတခုလို ဖြစ်​​နေပြီ​လေ..ဒါ​ကြောင့်​ အလုပ်​လုပ်​ဖို့မြို့တက်​လာခဲ့တဲ့ လူငယ်​တစ်​​ယောက်​ ဘာလုပ်​ရမှန်းမသိဘဲ အလုပ်​ရဖို့အတွက်​ သင်​တန်း​တွေ​တက်​ခဲ့ရတယ်​...သို့​သော်​ ထိုလူငယ်​မှာ ရည်​ရွယ်​ချက်​ရှိတယ်​ တိုးတက်​ချင်​စိတ်​ရှိတယ်​ သူ့တွင်​ ဖြစ်​ချင်​တဲ့ အလုပ်​တစ်​ခု ရှိတယ်​ သို့​ပေမယ့်​ မိဘ၊​ဆွေမျိုးများက အပြစ်​​ပြောမည်​ ဆိုး၍ မည်​သို့မျှ မ​ပြောခဲ့​ပေ ၊ မြို့​ပေါ်တက်​ပြီး မိမိလုပ်​ချင်​တဲ့အလုပ်​ လုပ်​ချင်​​နေ​သော လူငယ်​​၏ ရင်​ထဲတွင်​ မည်​သို့ခံစား​နေမည်​ဆိုတာ မိဘများ နားမလည်​နိုင်​​ပေ.၊.

"အလုပ်​"
အလုပ်​လုပ်​တယ်​ ဆိုတာ လွယ်​ကူတဲ့ကိစ္စတစ်​ခု မဟုတ်​ပါ၊ သို့​သော်​ ယ​နေ့တွင်​ လူကြီးအများစုသည်​ မိမိသားသမီးဘာအလုပ်​လုပ်​လဲ ဘယ်​လိုလုပ်​ရလဲ ဘယ်​လို​နေထိုင်​ရလဲ ဆိုတာထက်​ ငါ့သားသမီး အိမ်​ကို ပိုက်ဆံ​ဘယ်​​လောက်​ပို့နိုင်​လဲဆိုတာ ပိုအ​လေးထားကြသည်​၊...ချီးကျူး​ပေးကြပါ အကယ်​၍ လူငယ်​တစ်​​ယောက်​လုပ်​တဲ့အလုပ်​ကို မချီးကျူးရင်​ ​နေပါ​စေ အသိအမှတ်​ပြု​ပေးကြပါ...

မိဘအများစုက မိမိဖြစ်​​စေချင်​တဲ့ ဆရာဝန်​,သ​င်္ဘော သားစတဲ့လူ​တွေ ဖြစ်​​စေချင်​ကြတယ်​..ဒါ​ပေမယ့်​ မိမိဖြစ်​​စေချင်​သလို ဖြစ်​မလာရင်​ စိတ်​တို ​ဒေါသထွက်​ကြတယ်​ သားသမီး​တွေ လူငယ်​​တွေကို ​အော်​​ငေါက်​တယ်​ ဆူတယ်​..အာ့လို​တွေမလုပ်​ပါနဲ့ လူငယ်​တိုင်းမှာ အရည်​အချင်း ကိုယ်​စီရှိကြပါတယ်​ မိဘများ​ရဲ့တာဝန်​သည်​ မိမိသားသမီးများ​၏ အားနည်းချက်​ များကို ပြုစု အားသာချက်​များကို ပျိုး​ထောင်​​ပေးသင့်​ပါတယ်​...ယခုဆိုရင်​ မိဘများ ဖြစ်​​စေချင်​တာထက်​ကိုယ့်​အရည်​အချင်းကို တူး​ဖော်​ကြတဲ့လူငယ်​​တွေများပြားလာ​စေချင်​ပါတယ်​...

Every child is special
အာ့စကားအရမ်းမှန်​ပါတယ်​..
လူကြီး​တွေရဲ့ အတ္တ​အောက်​မှာ ကျ​နော်​တို့လူငယ်​​တွေရဲ့ တက်​သစ်​စ အညွှန့်​ မကျိုး​စေချင်​ဘူး....ကိုယ့်​ကိုယ်​ကို အားကိုးပြီး မိမိပန်းတိုင်​ကို အ​ရောက်​သွားနိုင်​​အောင်​ ပံ့ပိုး​ပေးကြပါ...လူငယ်​တိုင်းမှာ ကိုယ်​ပိုင်​အရည်​အချင်းရှိကြပါတယ်​ ထိုအရည်​အချင်းကို အ​ကောင်​အထည်​​ဖော်​နိုင်​ဖို့အတွက်​ ကျ​နော်​တို့လူငယ်​​တွေမှာ အား​ပေးမှူ ၊ အသိအမှတ်​ပြုမှူ ​တွေ လိုအပ်​ပါတယ်​...ကျ​နော်​တို့နိုင်​ငံတိုးတက်​​ရေးတွင်​ ကျ​နော်​တို့လူငယ်​​တွေ ကြိုးစားမှူ သည်​ အ​ရေးပါပါတယ်​ ထိုကြိုးစားမှူများ ဖြစ်​လာ​အောင်​ လူကြီး​တွေ အကြီးအကဲ​တွေရဲ့တိုက်​တွန်းမှူ လိုအပ်​ပါတယ်​မချူပ်​ချယ်​ကြပါနဲ့ လူငယ်​​တွေရဲ့ဘဝကို ပုံစံခွက်​ထဲက ဘဝ​တွေ ဖြစ်​​စေချင်​တာလား....အား​ပေးကြပါ..တိုက်​တွန်းကြပါ..မိမိထက်​သာ​အောင်​ ကြိုးစားချင်​စိတ်​ရှိတဲ့လူငယ်​​တွေကို အသိအမှတ်​ပြု​ပေးကြပါ..ထိုသို့ အသိအမှတ်​ပြု​ပေးရင်​ တိုက်​တွန်း​ပေးရင်​ ..တချိန်​မှာ ကျ​နော်​တို့လူငယ်​​တွေဟာ ကမ္ဘာမှာ သမိုင်းတွင်​မယ့်​သူ များ ဖြစ်​လာမယ်​ ဆိုတာ....ကျ​နော်​ ရဲရဲကြီး အာမခံတယ်​..


Comments