အချိန် ဖြုန်းတာ ပျော်စရာလား




ဒီနှစ်နွေခါ ငနုချောင်းမှာ နေကြစဉ်က ငနုချောင်းသားဦးဇင်းတော်တော်များများ သံယောဇဉ်ပင်အောက်မှာ ဟန်းဖုန်းကိုယ်စီနှင့် ကိုယ့်ဟာကို ပွတ်နေကြတယ်။ သစ္စာရွှေစည်ဆရာတော် ရောက်လာတယ်။"မောင်ချိုတူးကြီး ဘာတွေ ကြည့်နေတာလဲ""ဖဲရိုက်နေတာဘုရား"တစ်နေ့တည်းနဲ့ သိန်းနှစ်ရာရှုံးအောင် ရိုက်တာ ချိုတူးပဲ။ ဂိမ်းထဲမှာ ပြောပါတယ်။ ရှမ်းကိုးမီးဆိုတဲ့ ဖဲဂိမ်း။"ဖဲရိုက်တာ ပိုက်ဆံ တကယ်ရတာလား""မဟုတ်ဘူးဘုရာ့ အပျော်""ဒါဆို အချိန်ဖြုန်းဖို့ သက်သက် ဖဲရိုက်နေတာပေါ့""တင်ပါ့"ချိုတူးမေးပြီးတော့ ဦးဇင်းကို မေးတယ်။"ကိုဝိလာသဂ္ဂကြီးက ဘာဂိမ်းဆော့တာလဲ""ကလန်ဘုရာ့""ဟို စစ်တိုက်တယ်ဆိုတဲ့ဂိမ်းလား""တင်ပါ့""သူကရော ဘာအကျိုးရှိတာလဲ""ဘာအကျိုးမှ ရှိဘူးဘုရာ့ စိတ်ပျော်ဖို့သက်သက်ပဲဘုရား"သစ္စာရွှေစည်ဆရာတော် မှတ်ချက်ပေးသွားတာလေး အတော်သဘောကျလို့ ပြန်ရေးပြတာပါ။

"အချိန်တွေ အလကားကုန်နေတာကို ပျော်စရာလို့ ထင်နေတာလား"အဲ့ဒီအချိန်က သဘောမပေါက်ဘူး။ ဘာတုံးဟ ဦးဇင်းက။ လူတိုင်း စိတ်ပျော်ဖို့ လျှောက်လုပ်နေသူချည်းပဲ။ ဖေ့ဘုတ်ပွတ်တယ်။ ဖုန်းဆက်တယ်။ စာဖတ်တယ်။ ဂိမ်းဆော့တယ်။ ပန်းချီဆွဲတယ်။ အကုန်လုံး အကုန်လုံး စိတ်ပျော်မယ်ထင်လို့ လုပ်နေကြသူချည်းဘာထူးဆန်းလို့ပဲ။

အခုစဉ်းစားကြည့်မှ။ စဉ်းစားကြည့်မှ ဆိုတာ ဖတ်ဖူးတဲ့စာတွေကို ထောက်ဆပြီး စဉ်းစားကြည့်မှ အချိန်ဖြုန်းနေတာက ပျော်ရွှင်မှုမဟုတ်ဘူးဆိုတာ သွားတွေ့တယ်။ ဦးရွှေအောင်စာအုပ်ထဲ ဖတ်ဖူးတာကို အရင်သတိရတာ။"အလုပ်မရှိတဲ့ စိတ်ဟာ မာရ်နတ်အလုပ်ရုပဲ"တဲ့။ ဦးရွှေအောင်ထဲ ပါတာပဲသေချာတယ်။ ဘယ်စာအုပ်ထဲဆိုတာ မမှတ်မိ။ပျော်ရွှင်မှုဆိုတာ အမျိုးမျိုးရှိမှာပေါ့။ လက်ဝှေ့သမားက သူများကို နာကျင်အောင် လုပ်လိုက်ရလို့ ပျော်နေချိန်မှာ ဆရာဝန်က လူနာကို အနာပျာက်အောင် ကုသပေးလိုက်ရလို့ ပျော်နေမှာပဲ။ တောင်တက်သမားက ထိပ်ဆုံးရောက်လို့ ပျော်နေချိန်မှာ ရေငုတ်သမားက အောက်ဆုံးရောက်လို့ ပျော်နေမှာပဲ။ ဒါဆို စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲ။ မာရ်နတ်နှင့် နေရတာကို ပျော်ရွှင်မှုလို့ ပြောလို့ ရနိုင်ပါ့မလား။ ကျည်ကပ်ထဲမှ ကျည်ဆံမို့ လူကို မသေစေနိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူး။ ပြောင်းဝက ထွက်လာမှ သေမင်းကျည်ဆံလို့ ခေါ်တာ မဟုတ်ဘူးထင်တယ်။
အခု သံယုတ်ကို လျှောက်ဖတ်တော့မှ ပျင်းရိခြင်းရဲ့ သဘောသဘာဝကို သွားတွေ့တယ်။
“ဒုက္ခံ, ဘိက္ခဝေ, ကုသီတော ဝိဟရတိ ဝေါကိဏ္ဏော ပါပကေဟိ အကုသလေဟိ ဓမ္မေဟိ, မဟန္တဉ္စ သဒတ္ထံ ပရိဟာပေတိ"
ပျင်းရိမှုမှာ အကုသိုလ်ပါတယ်တဲ့။ ဟုတ်သာပါလား။ ပျင်းလို့ လျှောက်လုပ်တာတွေ စဉ်းစားကြည့်။ ဖဲရိုက်တယ် ဖဲဂိမ်းဆော့တယ်။ လောဘစစ်စစ်ကြီးနော။ သူတစ်ပါးအကျိုးစီးပွားကို ပျက်စီးစေတဲ့ လောဘမဟုတ်လို့သာ အပြစ်လို့ မထင်တာ။ လောဘဆိုတာ အကုသိုလ်ပဲ။ အကုသိုလ်မှန်ခဲ့ရင် "သာဝဇ္ဇ, ဒုက္ခဝိပါကလက္ခဏာအရ"ဆင်းရဲကို မွေးဖွားပေးလိမ့်မယ်။ကလန်ဆော့တယ်။ စစ်သားလေးတွေကို ထုသတ်ချင်တဲ့ ဒေါသ။ သူ့အိမ်လေးကို ပျက်စီးစေလိုတဲ့ ဗျာပါဒ။ အခြားအခြား စိတ်ပြေရာ စိတ်ပြေကြောင်း အချိန်ဖြုန်းမှုတွေကို စဉ်းစားကြည့်တော့ "ဝေါကိဏ္ဏော ပါပကေဟိ အကုသလေဟိ - ညစ်းညမ်းမှုတွေနှင့် ပြည့်နေတယ်"ဆိုတာကို လက်ခံလာတယ်။ ယုတ်မာညစ်ညမ်းမှုတွေနှင့် ပြည့်နေရင် သူ့အကျိုးဆက်က ဘာဖြစ်မလဲ။နောက်ဆုံး "မဟန္တဉ္စ သဒတ္ထံ ပရိဟာပေတိ - အချိန်မတရားကုန်တယ်"တဲ့။ဒါလေးကို စဉ်းစားမိနေတာ။ သစ္စာရွှေစည်ရဲ့ သတိပေးစကား၊ ဦးရွှေအောင်ရဲ့ စာ၊ သံယုတ်ပါဠိ အဲ့ဒီသုံးခုကို ပေါင်းစဉ်းစားလိုက်တော့ အချိန်ဖြုန်းတယ်ဆိုတာ ဆင်းရဲဖို့ သက်သက်ပဲ။ ချမ်းသာမဟုတ်ဘူး။ ပျော်ရွှင်မှု မဟုတ်ဘူး။ ပျော်မလားလို့ လုပ်ကြည့်ရတာကနေ တဖေးဖြေးနှင့် မာရ်နတ်ရဲ့ အလုပ်ရုံဖြစ်သွားတယ်။ပိုကြောက်စရာကောင်းတာက အကုသိုလ်လုပ်နေရတာကို ပျော်သွားတတ်တဲ့ စိတ်။ ဂိမ်းဆော့ရတာ ပျော်တယ်။ ဖဲရိုက်ရတာ ကေိုယ့်အမြင်တစ်ခုတည်းနဲ့အကြောင်းအရာတစ်ခုကိုအဆုံးအဖြတ်ပေးခဲ့ရင်ဘယ်အရာမှသိပ်ပြည့်စုံမှာမဟုတ်ပါဘူးကိုယ့်သဘောထားတစ်ခုတည်းနဲ့သူများကိုသွားတိုင်းရင်ဘယ်သူမှသိပ်ပြည့်စုံမှာမဟုတ်ပါဘူးကိုယ့်အလိုတစ်ခုတည်းနဲ့သူများကိုသွားတောင်းဆိုခဲ့မယ်ဆိုရင်ဘယ်သူမှသိပ်အဆင်ပြေမှာမဟုတ်ပါဘူးမျက်စိသာပေတံလိုသဘောထားခဲ့ရင်သူများကိုမတိုင်းတာခင်မှာကိုယ့်ကိုယ်ကိုအရင်တိုင်းကြည့်ပါ.စိတ်ကိုသာအလေးလို့သတ်မှတ်ခဲ့ရင်သူများကိုမချိန်တွယ်ခင်မှာကိုယ့်ကိုယ်ကိုချိန်တွယ်ကြည့်ပါ.သူများအပြစ်ကိုချည်းရှာဖွေနေရင်ကိုယ်ကကောဘယ်လောက်ပြည့်စုံနေလို့လဲသူများအားနည်းချက်ချည်းကြည့်နေမယ်ဆိုရင်...ကိုယ်လည်းမှားယွင်းမူတွေအများကြီးပါ။

သူများကို တောက်ရှောက် အပြစ်ရှာနေတဲ့သူဟာ
သူတစ်ပါးကိုပြသနာအများကြီးမပေးနိုင်ပေမဲ့ကိုယ်ကိုယ်တိုင်ဒုက္ခတွင်းထဲရောက်သွားနိုင်တတ်တယ်။
သူများအားနည်းချက်တွေကိုတောက်ရှောက်ထောက်ကြည့်နေတဲ့သူဟာသူတစ်ပါးကိုအရှက်အများကြီးမပေးနိုင်ပေမဲ့ကိုယ်ကိုယ်တိုင်သိက္ခာလုံးလုံးကြီး မဲ့သွားနိုင်ပါတယ်။
 သူများကိုကြည့်လို့ရမှလောကကြီးထဲမှာဝင်ဆန့်လို့ရသလိုသူများကိုလေးစားတတ်ပါမှသူများရဲ့လေးစားမူကိုခံရတတ်တယ်ပင်လယ်လိုသဘောထားကျယ်ပြောနိုင်မှသမုဒ္ဒရာကဲ့သို့သောစိတ်ထားကိုပိုင်ဆိုင်နိုင်စွမ်းရှိမယ်ပင်လယ်ကြီးလိုငြိမ်သက်နိုင်မှလေဒဏ်လိုင်းဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိမယ်.လူနေချုံကြားစိတ်နေဘုံဖျာကြီးကြီးတွေးမယ်.မြင့်မြင့်တက်မယ်.ဝေးဝေးကြည့်မယ်.ပြီးရင်ပင်လယ်လိုကျယ်ပြောတဲ့မဟာသဘောထားပိုင်ဆိုင်ချင်ပါတယ်ဖတ်ရူ့သူအားလုံးသဘောထားကြီးနိုင်ကြပါစေ။ပျာ်တယ်။ သူများကို စော်ကားတဲ့ စတေးတပ်ရေးရတာကို ပျော်တယ်။ သူများမကောင်းကြောင်း ပေါ်ပေါ်တင်တင်ပြောရတာကို ပျော်တယ်။လက်သည်ကတော့ ပျင်းရိမှုပဲ။ ပျင်းလို့ ပျော်မလားလို့ လျှောက်လုပ်ကြရကနေ ဝါးမျိုးခံသွားရတယ်။ အကုသိုလ်လို့ မထင် မမြင်တော့။ အကုသိုလ်သည်ပင် ပျော်ရွှင်မှုဖြစ်လာတယ်။ အဆိပ်က အဆိပ်ကို နိုင်သွားတယ်။ မြွေဆိပ်သင့်သူကို စိန်နှင့်သံပရာ ကြွေးလိုက်သလိုမျိုး။ ရောဂါတော့ သက်သာမယ်။ သို့သော် လူစဉ်မမီတော့။ ဉာဏ်ရည်မမီတော့။ စိတ်တွေ မူမမှန်တာ့။အင်း တကယ်ကလည်း ဒီစာကိုလည်း ပျင်းလို့ လျှောက်ရေးတာပါ။

Comments