သဘောထားး

ကိုယ့်အမြင်တစ်ခုတည်းနဲ့အကြောင်းအရာတစ်ခုကိုအဆုံးအဖြတ်ပေးခဲ့ရင်ဘယ်အရာမှသိပ်ပြည့်စုံမှာမဟုတ်ပါဘူးကိုယ့်သဘောထားတစ်ခုတည်းနဲ့သူများကိုသွားတိုင်းရင်ဘယ်သူမှသိပ်ပြည့်စုံမှာမဟုတ်ပါဘူးကိုယ့်အလိုတစ်ခုတည်းနဲ့သူများကိုသွားတောင်းဆိုခဲ့မယ်ဆိုရင်ဘယ်သူမှသိပ်အဆင်ပြေမှာမဟုတ်ပါဘူးမျက်စိသာပေတံလိုသဘောထားခဲ့ရင်သူများကိုမတိုင်းတာခင်မှာကိုယ့်ကိုယ်ကိုအရင်တိုင်းကြည့်ပါ.စိတ်ကိုသာအလေးလို့သတ်မှတ်ခဲ့ရင်သူများကိုမချိန်တွယ်ခင်မှာကိုယ့်ကိုယ်ကိုချိန်တွယ်ကြည့်ပါ.သူများအပြစ်ကိုချည်းရှာဖွေနေရင်ကိုယ်ကကောဘယ်လောက်ပြည့်စုံနေလို့လဲသူများအားနည်းချက်ချည်းကြည့်နေမယ်ဆိုရင်...ကိုယ်လည်းမှားယွင်းမူတွေအများကြီးပါ။

သူများကို တောက်ရှောက် အပြစ်ရှာနေတဲ့သူဟာသူတစ်ပါးကိုပြသနာအများကြီးမပေးနိုင်ပေမဲ့ကိုယ်ကိုယ်တိုင်ဒုကရှတွင်းထဲရောက်သွားနိုင်တတ်တယ်။သူများအားနည်းချက်တွေကိုတောက်ရှောက်ထောက်ကြည့်နေတဲ့သူဟာသူတစ်ပါးကိုအရှက်အများကြီးမပေးနိုင်ပေမဲ့ကိုယ်ကိုယ်တိုင်သိက္ခာလုံးလုံးကြီး မဲ့သွားနိုင်ပါတယ်။

 သူများကိုကြည့်လို့ရမှလောကကြီးထဲမှာဝင်ဆန့်လို့ရသလိုသူများကိုလေးစားတတ်ပါမှသူများရဲ့လေးစားမူကိုခံရတတ်တယ်ပင်လယ်လိုသဘောထားကျယ်ပြောနိုင်မှသမုဒ္ဒရာကဲ့သို့သောစိတ်ထားကိုပိုင်ဆိုင်နိုင်စွမ်းရှိမယ်ပင်လယ်ကြီးလိုငြိမ်သက်နိုင်မှလေဒဏ်လိုင်းဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိမယ်.လူနေချုံကြားစိတ်နေဘုံဖျာကြီးကြီးတွေးမယ်.မြင့်မြင့်တက်မယ်.ဝေးဝေးကြည့်မယ်.ပြီးရင်ပင်လယ်လိုကျယ်ပြောတဲ့မဟာသဘောထားပိုင်ဆိုင်ချင်ပါတယ်ဖတ်ရူ့သူအားလုံးသဘောထားကြီးနိုင်ကြပါစေ။

Comments