စကားပြောရင်း အချိန်မကုန်ပါစေနဲ့


“ဘယ်တော့မှ ဆင်ခြင်ဥာဏ်မရှိတဲ့သူတွေနဲ့ပြိုင်ပြီးမငြင်းပါနဲ့။ သူတို့က သင့်ကို သူတို့ရဲ့အဆင့်အတန်းရောက်အောင်ဆွဲချသွားလိမ့်မယ်။ သို့မဟုတ် သူတို့ရဲ့ ဝါရင့်နေတဲ့ ငြင်းခုံခြင်း အတွေ့အကြုံနဲ့ သင့်ကို အနိုင်ယူသွားလိမ့်မယ်”တစ်ခါတစ်လေ သူများက သင့်ကို ကသိကအောက်ဖြစ်အောင်လုပ်တိုင်း ၊ မခံချိမခံသာဖြစ်အောင်လုပ်တိုင်း သင်က လိုက်ပြီး တုန့်ပြန်စရာမလိုပါဘူး။လမ်းမှန်သွားနေတဲ့သူတစ်ယောက်ဟာ အမြဲဝေဖန်ခံရပါတယ်။ ခဲနဲ့ပေါက်ခံရပါတယ်။ ဒီလိုဝေဖန်ခံရတိုင်းသာ တစ်ယောက်ချင်းစီကို လိုက်ဖြေရှင်းနေရင် သင်ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး။

အချို့သူတွေက ဝေဖန်ခြင်းကလွဲပြီး လုပ်စရာအလုပ်မရှိကြပါဘူး။ သူတို့ဝေဖန်တဲ့စကားတွေထဲက မှန်တဲ့အချက်ကိုယူ ပြီးရင် ဆက်လျှောက်ပါ။ တစ်ခါတစ်လေ ဝေဖန်မှုတွေကနေလည်း သင်ခန်းစာကောာင်းရတတ်ပါတယ်။

စစ်တုရင် ထိုးသလိုပါပဲ။ ထိုးတဲ့သူမမြင်တဲ့အကွက်ကို ဘေးကလူက တစ်ခါတစ်လေမြင်တတ်ပါတယ်။ ပြောတဲ့လူတိုင်းကို နားထောင်ဖို့ပြောတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကျိုးကြောင်းဆီလျော်တာကိုတော့ နားထောင်သင့်ပါတယ်။ပြီးရင်ဆက်လျှောက်ပါ။မိမိအကြောင်းကို အခြားသူတွေကို ၇ှင်းပြရင်းအချိန်မကုန်ပါစေနဲ့။ သင်ဘယ်လောက်ပဲရှင်းပြရှင်းပြ သူတို့က သူတို့ဦးနှောက်နဲ့ဆန့်တဲ့ အတိုင်းအတာတစ်ခုလောက်ပဲ နားလည်မှာပါ။ မိမိအလုပ်ကို အကောင်းဆုံးသာကြိုးစားပါ။ စကားပြောရင်း အချိန်မကုန်ပါစေနဲ့။

Comments