ငယ်စဉ်ကအပြောခံရဆုံးစကားတစ်ခွန်း



ငယ်စဉ်ကတည်းက အမြဲလိုလိုကြားနေ ကျစကားတစ်ခွန်းက ““ကလေးက ကလေးလို နေစမ်း”” ဆိုတာပါပဲ။ အဲဒီလို ပြောခံလိုက်ရ ပြီဆိုရင်တော့ ကျွန်တော်တို့တစ်တွေဟာ ပြော လက်စ စကားကို ဆက်မပြောတော့ဘဲ အဲဒီ နေရာကနေ ထွက်သွားလိုက်ရတော့တာပါပဲ။ ကလေးလို နေဆိုတာကို နားလည်သလောက် ပြန်ပြောပြပါမယ်။ ကလေးဘ၀တုန်းက ကိုယ် နားလည်ခဲ့တာကတော့ ကလေးလိုနေဆိုတာ လူကြီးတွေ စကားပြောနေရင် ၀င်မပြောရ ဘူး။ သူများအိမ် သွားလည်ရင် ငြိမ်ငြိမ်လေး ထိုင်နေရမယ်။ စားဆိုမှစားရမယ်။ သောက် ဆိုမှ သောက်ရမယ်။ ထိုင်ဆိုထိုင်၊ ထဆိုထ ရပါတယ်။ ဒါဆိုရင်တော့ သိပ်လိမ်္မာတဲ့ကလေး အဖြစ် တစ်လောကလုံးက အသိအမှတ်ပြုခြင်း ကို ခံလိုက်ရတော့တာပါပဲ။

အခုအချိန်မှာတော့ ကိုယ်လည်း လူလတ် ပိုင်းအရွယ်ကို ရောက်လာပြီမို့ ကလေးတွေ ကို ပြန်ပြီး သတိထားကြည့်မိလာပါပြီ။ အခု ချိန်မှာ ပြန်တွေးမိတဲ့အတွေးကတော့ ကိုယ် တွေငယ်ငယ်က သိပ်လိမ်္မာတဲ့ကလေးလို့ ပြော ခံရဖို့အရေး ဆန်္ဒအကုန်ကို ချိုးနှိမ်ပြီး ငြိမ်ငြိမ် လေးနေခဲ့ရတဲ့ကာလတွေကို သတိရမိခြင်းပါ ပဲ။ ဒီတော့ ““ကလေးက ကလေးလိုနေ””ဆိုတဲ့ စကားကို ပြန်တွေးကြည့်ရင် ကလေးဆိုတာ ကလေးသဘာဝအရ ကစားမယ်၊ စူးစမ်းမယ်၊ လေ့လာမယ်၊ မသိတာကို မေးမယ်။ ဒီလို မဟုတ်ဘဲ ငြိမ်ငြိမ်လေးနေပြီး လူကြီးမျက်နှာ ကြည့်နေရတော့ ကလေးက ကလေးနဲ့တူပါ ဦးမလား။ ကလေးက ကလေးလို မနေခဲ့ရတဲ့ ကာလတွေကို ပြန်သတိရမိလာပါတယ်။ တကယ်တော့ ကလေးက လူကြီးလို နေခဲ့ရ တဲ့ကာလတွေကို ကိုယ်တိုင်လည်း ရင်ဆိုင်ခဲ့ ရဖူးပါတယ်။ ကိုယ်တွေ့ဘ၀နဲ့ယှဉ်ပြီး ပြောပြ ပါ့မယ်။

မိဘတွေက အစိုးရ၀န်ထမ်းတွေဖြစ်တဲ့ အတွက် ငယ်စဉ်ကတည်းက ကိုယ်နေခဲ့ရတဲ့၊ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က ၀န်ထမ်း လောက ပတ်ဝန်းကျင်ပါပဲ။ ၀န်ထမ်းလောက ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ လေ။ ရာထူး၊ အဆင့်အတန်းအလိုက် အိမ် တွေကို နေရာချပေးထားတာလေ။ ဒီတော့ ဒီလိုပတ်ဝန်းကျင်မှာ ဘေးပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေတတ်ဖို့က အရေးကြီး ဆုံးပါပဲ။ ရပ်ကွက်ထဲမှာလို ကိုယ့်အိမ်ကိုယ် တံခါးပိတ်၊ နှုတ်ဆိတ်နေလို့ ရတာမျိုးမဟုတ် ဘူးလေ။ ကလေးတွေဆိုလည်း ကလေးချင်း အဆင်ပြေပြေ၊ ချစ်ချစ်ခင်ခင်၊ လူကြီးတွေ ဆိုရင်လည်း ခင်ခင်မင်မင်နေကြတာမျိုးပါ။ အိမ်က မိဘတွေကတော့ အားလုံးနဲ့အဆင် ပြေပြေ ချစ်ချစ်ခင်ခင် နေထိုင်နိုင်ကြတယ်။ သူတို့က ပျော်ပျော်လည်း နေတတ်တယ်။ သူတစ်ပါးကိုလည်း ကူညီဖေးမတတ်သူတွေမို့ ရောက်လေရာမှာ အဆင်ပြေကြပြီး လူချစ် လူခင်များကြတယ်။
အဲဒီမှာ ပြဿနာက ကိုယ်ပါပဲ။ ကိုယ်က ငယ်ငယ်ကတည်းက ဘာမှန်းမသိတဲ့ မာန လေးက ဘယ်ကပါလာမှန်း မသိဘူးဖြစ်နေ တယ်။ တစ်ခါတုန်းက လူငယ်စကားဝိုင်းမှာ တောင် ထည့်ပြောဖူး ပါသေးတယ်။ ဒီကိစ်္စကို။ ကိုယ်တွေ ငယ်ငယ်တုန်းက ချို့တဲ့ပါ တယ်။ ဒီတော့ ကျောင်းသွားရင် လမ်းလျှောက်သွား ရပါတယ်။ အခုမှ ပြန်တွေးကြည့်တော့ ကျောင်းနဲ့အိမ်က တော်တော်လှမ်းပါ တယ်။ ဒါပေမဲ့ ကိုယ်က လမ်းလျှောက်ပြီးတော့ပဲ သွားပါတယ်။ နှစ်တန်းတုန်းက အဖြစ်အပျက် တစ်ခုက အခုချိန်ထိ စိတ်ထဲစွဲနေ တာပါ။
မနက်တိုင်း လမ်းလျှောက်ပြီး ကျောင်းကိုသွားတယ်။ လမ်း မှာ ခရေပင်တွေရှိတယ်။ ခရေပန်းကောက်တယ်။
နှီးကြိုးလေးနဲ့သီပေးတယ် အစ်ကိုတွေက။ ကိုယ်က ကျောင်း ရောက်ရင် အင်္ဂလိပ်စာသင်တဲ့ ကရင်အမျိုးသမီးဆရာမကို သွား ပေးတယ်။ ဒါကိုယ့်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ တစ်နေ့မှာတော့ လမ်းလျှောက်ပြီး ကျောင်းသွားနေတုန်း ဘေး မှာ ဂျစ်ကား တစ်စီးထိုးရပ်လိုက်တာကို သတိထားလိုက်မိပါတယ်။ ဖေဖေတို့ အထက်အရာရှိ ရဲ့ကားပါ။ သူ့အမျိုးသမီးက ကျောင်းက ဆရာမ ပါပဲ။ သူက ကားထဲကနေ ““ဟေ့ စိုးစိုး သမီးလေး။ လာ ကားပေါ် တက်၊ နေပူတယ်။ ကျောင်းကလည်း ဝေးသေးတယ်””လို့ ပြော လာပါတယ်။ ကိုယ်ပြန်ပြောလိုက်တဲ့စကား ကတော့ ““ဟင့်အင်း လမ်းပဲလျှောက်ပါမယ်””

ဒီအခါမှာ သူ့မျက်နှာမှာ ဖြစ်သွားတဲ့အမူအရာက ဒီနေ့ထိ မေ့လို့မရပါဘူး။ ကားမောင်း ထွက်မသွားခင် နှစ်တန်းကျောင်းသူ လေးကတော့ လမ်းဆက်လျှောက်သွားပါတော့တယ်။
အဲဒီအတွက် ရလဒ်က ဘာဖြစ်မယ်ထင်ပါသလဲ။
ညနေ အိမ်ပြန်ရောက်ချိန်မှာ အမေက ““နင်သိပ်ရိုင်းပါလား။ လူကြီးက စေတနာနဲ့ ခေါ်တာကို လိုက်မသွားဘဲ ဘာကိစ်္စ စကား ကြီး၊ စကားကျယ်တွေ ပြန်ပြောလိုက်ရတာလဲ၊ ဆရာမက စေတနာနဲ့ ခေါ်တာကို။ မလိုက် ချင်ရင်လည်း ကျေးဇူးတင်ပါတယ်။ မလိုက်တော့ပါဘူးလို့ ယဉ်ယဉ်ကျေးကျေး ပြန်မပြော တတ်ဖူး လား။ အခုသွားတောင်းပန်ရမယ်”” ဆိုပြီး ပြောပါတော့တယ်။ သေချာပါပြီ။ အဲဒီ ဆရာမကျောင်းကအပြန်မှာ အမေ့ဆီ ၀င်ပြီး ပြောခဲ့လိုက်ပုံရပါတယ်။ အဲဒီတုန်းကတော့ ကိုယ်ပြန် ပြောလိုက်တာက ““ကိုယ့်ကားလည်း မဟုတ်ဘဲနဲ့ သူများ ကားနဲ့ မလိုက်ချင်ပါဘူး မေကြီးရယ်။ နောက်နေ့ကျတော့ လည်း သူက ခေါ်ချင်မှ ခေါ်တော့မှာလေ။ ကိုယ့်ဘာသာ လမ်းလျှောက်တာပဲ ကောင်းပါတယ်။ ဒါပေမဲ့ သွား တောင်းပန်လိုက်ပါမယ်””ဆိုပြီး သွား တောင်းပန်ခဲ့ပါ တယ်။

““အမယ်လေးဟယ် ကြီးကြီးကျယ်ကျယ်နဲ့။ ကလေးက ကလေးစကားမပြောဘူး”” ဆိုပြီး တောင် အမေက ပြောခဲ့ ပါသေးတယ်။
ဒါ တကယ့်အဖြစ်အပျက် ပါပဲ။ ဒီတော့ ခုချိန်မှာ သေချာပြန် တွေးကြည့် တော့ ကလေးမှာလည်း ကလေးမာနဆိုတာ ရှိနေ နိုင်တာပဲ လေ။ ကလေး ဆိုတိုင်း လူကြီးတွေပြော သမျှ၊ ခိုင်းသမျှ လိုက် လုပ်နေရမယ် ဆိုရင်တော့ ဘယ်ဟုတ်သေးမလဲ။ ဒါပေမဲ့ အခုတွေးမိတာ က ““သြော် အဲဒီတုန်းက များ အန်တီရေ ကျေးဇူး တင်ပါတယ်။ လမ်းပဲ လျှောက်ချင်လို့ပါ။ နောက်ပြီး ပန်းလေးတွေ လည်း ဆရာမအတွက် ကောက်ရဦးမှာ””ဆိုပြီး များ တုံ့ပြန်တတ်ခဲ့ရင်တော့ ဒီကလေးသိပ်ရိုင်းတာပဲဆို တဲ့ မှတ်ချက်ကို ကျော်လွှားနိုင်ခဲ့မှာ။ ခုတော့ နှစ်တွေ ဘယ် လောက်ကြာသွားသွား၊ အမေက တောင်းပန်ခိုင်းလို့ ဘယ်လိုပဲ တောင်းပန် တောင်းပန် ““သြော် အဲဒီကလေးလား သိတယ်။ ငယ်ငယ်ကတည်းက ကြွပ်ဆတ်ဆတ်နဲ့ သိပ် ရိုင်းတာ”” ဆိုတာမျိုး သူတို့ခေါင်းထဲ စွဲသွားပြီ လေ။

နှစ်တန်းအရွယ် ကလေးတစ်ယောက် အနေနဲ့ ဒီလိုပြောတတ်နိုင်မလားလို့ တွေး လိုက်မိသူတွေလည်း ရှိနိုင်ပါတယ်။ ပြောတတ် နိုင်ပါတယ်။ ကျောင်းတွေမှာ ပြည်သူ့နီတိလို ဘာသာရပ်တွေ သင်ခွင့်ရခဲ့မယ်ဆိုရင်ပေါ့။ ဒီတော့ တစ်ခုထပ်ပြောချင်တာက ““ကလေး က ကလေးလို နေ””လို့ ပြောနေကြတဲ့ လူကြီးတွေကိုယ်တိုင်ကကော““လူကြီးက လူကြီးလို နေတတ်ကြပါပြီလား””ဆိုတာပါပဲ။ ကိုယ်က တော့ အခု တူတွေ၊ တူမတွေရလာပြီ။ သူတို့ကို အန်္တရာယ်ဖြစ် စေမယ့်၊ ထိခိုက်စေမယ့် အရာကလွဲရင် ဘာကိုမှ မဟန့်တားမိပါဘူး။ ကလေးပဲ ကလေးလောက်တော့ ကစားမှာပေါ့၊ ဆော့မှာ ပေါ့၊ ပြောမှာပေါ့၊ မေးမှာပေါ့။တွေ့သမျှ မိတ်ဆွေတိုင်းက ပြောပါ တယ်။ ““ရိုးရယ် နင်ကလေးတွေအပေါ် သိပ် စိတ်ရှည်တာပဲနော်””တဲ့။ ““ဟုတ်တယ် လူကြီး တွေက စိတ်မရှည်တဲ့အခါ၊ လူကြီးတွေမျက် နှာကို အရိပ်တကြည့်ကြည့်နေခဲ့ရတဲ့ ကလေး ဟာ ဘယ်လောက်ထိ စိတ်ပင်ပန်းတယ်ဆိုတာ ကိုယ် သိခွင့်ရခဲ့လို့ပဲ””လို့ ပြန်ဖြေမိပါတယ်။ ဒီလိုပြောခြင်းဟာ မိဘတွေကို စော်ကားပြစ် မှားလိုစိတ် အလျှင်းမရှိကြောင်းကိုတော့ ပြော လိုပါတယ်။ ခုနပြောခဲ့သလိုပါပဲ။ နေ့တိုင်း ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်အခြေအနေ မတူညီကြောင်းကိုပါ။ ဒါပေမဲ့ အမေသင် ပေးခဲ့တဲ့အတွက် ကိုယ်ဟာ မှားရင်မှား ကြောင်း ၀န်ခံတတ်သလို၊ မှားတိုင်းလည်း တောင်းပန်တတ်ခဲ့ပါတယ်။ ဒါကတော့ ရ လိုက်တဲ့ အမြတ်ပေါ့။
ဒီတော့ ကလေးတွေကို သူတို့နေချင် သလို နေပါစေ။ အကဲခတ်စောင့်ကြည့်နေရမှာ မိဘ၊ ဆွေမျိုး၊ ဆရာ၊ ဆရာမတို့ရဲ့ တာဝန် ပါ။ အန်္တရာယ်ဖြစ်စေမယ့်၊ ထိခိုက်နစ်နာစေ မယ့် အခြေအနေတွေကနေ အချိန်မီကာ
ကွယ်စောင့်ရှောက်ပေးနိုင်ဖို့ပဲလိုတာပါ။ ကလေးတွေမှာရှိနေတဲ့ လူကြီးတစ်ယောက် လို တွေးခေါ်စဉ်းစားတတ်မှုတွေကို ပြက်ရယ် ပြုခြင်းဟာလူကြီးတစ်ယောက်အနေနဲ့ကလေးဆန်နေတယ်ဆိုတာကိုတော့ သတိ ထားမိကြပါစေ။

တကယ်လို့များ ကလေးတစ်ယောက်က ခင်ဗျားကို ““လူကြီးက လူကြီးလိုနေပါ”” ဆိုပြီး ပြောလာရင် မိတ်ဆွေ သင်ကောခံနိုင်ရည် ရှိပါမလား။

Comments